Saturday, August 25, 2012

"ဟိုအဝေးသို့"

ဒီသီချင်းလေးက ကျွန်တော် ပြီးခဲ့တဲ့ နှစ် ဖေဖေါ်ဝါရီလောက်ကရေးထားတာပါ..
ကျွန်တော်တို့ မြို့မှာ ဘူတာရှိပါတယ်..
အဲဒီဘူတာကြီးကိုကြည့်ရင်းး စိတ်ကူးပေါက်လို့ရေးမိသွားတာပါ..
သီချင်းထဲမှာကောင်မလေးက တစ်ခြားတစ်နေရာကိုထွက်သွားတယ်..
ကောင်လေးက လွမ်းပြီးကျန်ခဲ့တယ်..နှင်းတွေမြူတွေကလည်းတဝေေ၀နဲ့ ပေါ့
ကောင်မလေးကိုသယ်သွားတဲ့ရထားကြီးကမြူတွေကြားကိုတိုးဝင်ပျောက်ကွယ်သွားပြီပေါ့
ရထားကြီးထွက်သွားလို့ ဘူတာကြီးက အထီးကျန်သွားသလို ကောင်မလေးထွက်သွားလို့
ကောင်လေးကလည်း အထီးကျန်ဆန်သွားတာပေါ့..သူကကောင်မလေးပြန်အလာကို 
ဘူတာကြီးနဲ့အတူ စောင့်နေတာပေါ့ 
ဟိုအဝေးကိုငေးရင်း.. ဟိုအဝေးကိုမျှော်ရင်းနဲ့ပဲ.. ကောင်မလေးကို မျှော်နေတာပေါ့..
သီချင်းလေးတစ်ပုဒ်ကို 3/4 နဲ့ 6/8  Timing နှစ်မျိုးလုံး ပါတယ်.. 
ကျွန်တော့ရဲ့ Mood က သီချင်းလေးအတိုင်းပဲ ငြိမ်လိုက်.. လွမ်းလို့ ဟစ်ကြွေးလိုက်နဲ့ဆိုတော့ 
စိတ်ကြိုက်ဖြစ်အောင်ဖန်တီးထားတာပါ..
နားဆင်ခံစားကြည့်လိုက်ပါဦး
သီချင်းကိုနားဆင်နိုင်ရန် http://db.tt/2aI5Hbiv

Thursday, August 23, 2012

"ငါတို့ရဲ့ ခရီး"

ဒီသီချင်းလေးက ကျွန်တော်တို့ သူငယ်ချင်းတွေလျှောက်လည်ကြတုန်းက
ပျော်စရာလေးတွေကို သတိရတမ်းတပြီး ရေးထားတဲ့သီချင်းလေးပါ..
သီချင်းလေးနားထောင်ရတာ ကြည်နူးစရာကောင်းတဲ့ရသတွေကိုပေးမှာပါ..
တေးသရုပ်ဖော်လေးပါ.. စိမ်းလန်းတဲ့တောင်တန်းကြီးတွေကို ဖြတ်..
သောင်ပြင်တွေပေါ်မှာ လေတဖြူးဖြူး နဲ့သီချင်းတွေအော်ဟစ် ပြီး ပျော်ခဲ့ကြပါတယ်...
ဒီလိုနဲ့.ခရီးဆုံးလို့ အားလုံးပြန်ခါနီးကျတော့ .........
သီချင်းလေးကို နားဆင်ကြည့်လိုက်ပါဦး..ကျွန်တော်ရေးထားတဲ့သီချင်းမို့လို့လားမသိဘူး..
ကျွန်တော်ကတော့ ကြိုက်တယ်..

                        သီချင်းနားဆင်နိုင်ရန်
http://db.tt/oX3qgPvS 


"အဖြုရောင်သူငယ်ချင်းလေးသို့"

ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ရှိတယ်.. သူ့အတွက်ရေးထားတာပါ.. အဲဒီသူငယ်ချင်းကောင်မလေးဆီကိုသွားလည်ရရင်ပျော်တယ်.. သူရယ်ရင်လည်း လိုက်ရယ်လို့ပေါ့.. ကျောင်းပိတ်လို့အိမ်ပြန်တဲ့အခါကျပြန်တော့လည်း သူ့ကိုသတိရနေတယ်..
သူလည်းကျွန်တော့ကိုလွမ်းနေမှာလား .. ကျွန်တော်တို့ပြန်တွေ့တဲကအခါ ဒီသီချင်းလေး
ကိုတီးပြီးဆိုပြဦးမယ်လို့ ရည်ရွယ်ထားတာ.. ကျွန်တော်တို့ တစ်ယောက်တစ်နည်စီရောက်မှ
သူဒီသီချင်းလေးကို နားထောင်ဖြစ်သွားတယ်.. သူကကြိုက်တယ်တဲ့.. ကျွန်တော်ဝမ်းသားပါတယ်.
အဲဒါနဲ့ဒီသီချင်းလေးကိုရေးဖြစ်သွားတယ်..
ခုလည်း အလုပ်ထဲမှာအဲဒီလို သူငယ်ချင်းတစ်ယောက်ထပ်တွေ့ပြန်ပြီ..
အဲဒါနဲ့ ဒီသီချင်းလေးကိုတင်ပေးလိုက်တယ်...
သူငယ်ချင်းတို့လည်း ကျွန်တော့လိုသူငယ်ချင်းလေးတွေရှိမှာပါ..
ခံစားကြည့်ပေးပါဦး..

                         သီချင်းနားဆင်နိုင်ရန်
http://db.tt/1PPWQgCY