ဒီသီချင်းလေးက ကျွန်တော် ပြီးခဲ့တဲ့ နှစ် ဖေဖေါ်ဝါရီလောက်ကရေးထားတာပါ..
ကျွန်တော်တို့ မြို့မှာ ဘူတာရှိပါတယ်..
အဲဒီဘူတာကြီးကိုကြည့်ရင်းး စိတ်ကူးပေါက်လို့ရေးမိသွားတာပါ..
သီချင်းထဲမှာကောင်မလေးက တစ်ခြားတစ်နေရာကိုထွက်သွားတယ်..
ကောင်လေးက လွမ်းပြီးကျန်ခဲ့တယ်..နှင်းတွေမြူတွေကလည်းတဝေေ၀နဲ့ ပေါ့
ကောင်မလေးကိုသယ်သွားတဲ့ရထားကြီးကမြူတွေကြားကိုတိုးဝင်ပျောက်ကွယ်သွားပြီပေါ့
ရထားကြီးထွက်သွားလို့ ဘူတာကြီးက အထီးကျန်သွားသလို ကောင်မလေးထွက်သွားလို့
ကောင်လေးကလည်း အထီးကျန်ဆန်သွားတာပေါ့..သူကကောင်မလေးပြန်အလာကို
ဘူတာကြီးနဲ့အတူ စောင့်နေတာပေါ့
ဟိုအဝေးကိုငေးရင်း.. ဟိုအဝေးကိုမျှော်ရင်းနဲ့ပဲ.. ကောင်မလေးကို မျှော်နေတာပေါ့..
သီချင်းလေးတစ်ပုဒ်ကို 3/4 နဲ့ 6/8 Timing နှစ်မျိုးလုံး ပါတယ်..
ကျွန်တော့ရဲ့ Mood က သီချင်းလေးအတိုင်းပဲ ငြိမ်လိုက်.. လွမ်းလို့ ဟစ်ကြွေးလိုက်နဲ့ဆိုတော့
စိတ်ကြိုက်ဖြစ်အောင်ဖန်တီးထားတာပါ..
နားဆင်ခံစားကြည့်လိုက်ပါဦး
သီချင်းကိုနားဆင်နိုင်ရန် http://db.tt/2aI5Hbiv